Tuesday, May 11, 2010

တစ်ရက်စာ ဒိုင်ယာရီ

ဘာတွေလဲ.. နေသာတာလား? မိုးပဲရွာတာလား? ကောင်းကင်သည် ပြာလည်းမပြာ ... မှိုင်းလဲမမှိုင်း ... ငှက်တို့သည်ဆိတ်ဆိတ်နေသည်လည်းမဟုတ် ... တွန်မြည်သည်လည်းမဟုတ် ...
ငါ့မျက်လုံးတို့သည် ငိုကြွေးခြင်းတို့နေထိုင်ခဲ့ဖူးရာ အရပ်ဖြစ်သည် ... စိုစွတ်ခြင်းတို့ဖြင့် ခြောက်လည်းခြောက်သွေ့သည် ... ပူလည်းပူလောင်သည်... သို့သော် ... ငိုကြွေးခြင်းတို့ရွှေ့ပြောင်းသွားလျှင်သွားချင်း.. ငါသည်လည်းအရုပ်ကြိုးပြတ်ကျန်ခဲ့လေတော့သည် ... (ပျားရည်)

ဟုတ်တယ် .. ရာသီဥတုက အုံ့တုံ့တုံ့နဲ့ ... အေးလဲမအေးဘူး.. နေလို့လည်းမကောင်း... ဘာကြီးမှန်းကိုမသိတာ ... လူလဲဘာဖြစ်နေမှန်းကိုမသိဘူး... ကဲ... ဘာအကြောင်းပြောပြရမလဲ? ဘာရေးရမှာလဲ ? ခွီး ... စိတ်တိုတယ်... "ရူးနေပြီ နင်" တဲ့ကျွန်တော့ ကိုသူငယ်ချင်းတွေက... ဘာမှန်းလဲမသိဘူး... သူတို့ဟာသူတို့မနာလိုတိုင်း... ဂီး.......
ပြီးတော့သူတို့ပဲ... ဟိုဟာလာတိုင်ပင်. ဒီဟာလာတိုင်ပင် နဲ့ ... စိတ်ကုန်တယ်.. အရူးဆို? ဘာလို့လာတိုင်ပင်တုန်း? ? ? ဒီမှာသူတို့ဒုက္ခ တွေနဲ့ခေါင်းထဲမှာရေကြီးတော့မယ် ... ဟုတ်တယ်.. တကယ်ပဲ...>.<
တော်ပြီ...လူတွေအရမ်းဆိုးကြတယ် ... ဗြဲ ...blog မှာဘာရေးရမှန်းမသိရဘူး.. blogger အာလူး ကယ်ပါ... blogger latte ကယ်ပါ.... ခေါင်းစဉ်ကတော့အဟုတ်... ဘာတဲ့?တစ်ရက်စာ ဒိုင်ယာရီ ဆိုပဲ... အဟက်..ဘာရေးရမှန်းသာမသိတာ... မသိဆို... ဒီနေ့လဲဘာမှမလုပ်ရသေးဘူးရော် ... သေတာပဲ အဲဒီမှာ... ပျားရည်လဲအခုချိန်မှာမချိုနိုင်သေး... =(

Saturday, May 1, 2010

မော်ဒန်နှင့်ကျွန်တော်...

မော်ဒန်နှင့်ကျွန်တော်...
မော်ဒန်... မော်ဒန်... လူတွေပြောပြောနေ တဲ့အဲဒီ မော်ဒန် ဆိုတာဘာလဲ..
ကျွန်တော်လဲ အများကြီးတော့မသိပါဘူး... ကြိုက်တော့ကြိုက်တယ်.. =D
ကျွန်တော်သိသလောက်ပြောပြမယ်နော်...
မော်ဒန်စာပေဆိုတာ... ရေးနေတဲ့အချိန်မှာရေးနေတဲ့လူရဲ့ စိတ်ကို လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတဲ့ စာပေတစ်မျိုးပါ...
စိတ်ကိုဖော်ပြတဲ့နေရာမှာ.... ဖော်ပြတဲ့စကားလုံး တိုင်းရဲ့ အဓိပ္ပယ် တိုင်းကိုလဲတည့်တည့် စဉ်းစားလို့မရပြန်ဘူး...
ရှုပ်သွားလားမသိဘူး။ ဥပမာ... ကျွန်တော်ရေးဖူးတဲ့ " ဗင်းဆင့် ဗန်ဂိုး နဲ့စကားစမြည်" မှာဆို" ကိုယ်ဆွဲတဲ့ ပန်းချီကားမှာကိုယ့်ကိုယ်ကို အပျောက်ခံ ကြတယ်" လိုမျိုး ပေါ့... ဒီတိုင်းကြည့်လိုက်ရင် ဘာကြီးလဲ ပေါ့...
တကယ်ကစိတ်တံခါးကိုမဖွင့်ထားဘူး... ဘာမဟုတ်တဲ့အရာ တွေထဲမှာကိုယ့်ကိုယ်ကို ပိတ်လှောင်ခံထားတယ် လို့ဆိုလိုချင်တာပါ...
ပြီးတော့မော်ဒန်မှာ ဆိုလိုရင်း ကိုတိုက်ရိုက်ကြီးရေးရင် မမိုက်ဘူး... စကားလုံးတွေကဝင်္ကဝုတ္တိ တွေဆိုပိုကောင်းတယ်... ဆိုလိုတဲ့အဓိပ္ပယ် ကိုပညာသားပါပါ နဲ့ထိမိအောင်ရေးဖို့လိုရင်းပါ...
ဥပမာ... ဟောင်းနွမ်းနေတာကိုရေးချင်တယ်ဆိုပါတော့... "အခန်းထောင့်မှာကပ်ရပ်ဆောက်ထားတဲ့ပင့်ကူအိုကြီးရဲ့အိမ်လို" ....ရုပ်ဆိုးတာကိုရေးချင်ရင် "သွားကျိုးနေတဲ့တစ္ဆေတစ်ကောင်"... စသဖြင့်ပေါ့... အဲလိုသဘောပါပဲ...
ပြီးတော့... စိတ်ကိုဖော်ပြတဲ့နေရာမှာ တစ်ချို့တွေက Space(နေရာလွတ်) တွေ, dots(အစက်အပြောက်) တွေ နဲ့လည်းဖော်ပြတတ်ကြပါသေးတယ်... စိတ်ထဲကလစ်ဟာမှုတွေ, မလုံခြုံမှုတွေ, ကွက်လပ်တွေကိုဖော်ပြချင်တဲ့အခါမှာ စကားလုံးတလုံးနဲ့တလုံး ခြားပြီးရေးတဲ့ပုံစံတွေ, စာကြောင်းတွေအများကြီးခြားတဲ့ပုံစံတွေကိုလဲအသုံးပြုတတ်ကြပါတယ်...
ဒီစာပိုဒ်လေးက... မော်ဒန်ဆိုတာဘာလဲ? လို့ခဏခဏ မေးကြတဲ့သူငယ်ချင်း တွေအတွက်ပါ... သိသလောက်ကိုပဲ share ရတဲ့အတွက်ပြည့်စုံမှာတော့မဟုတ်ပါဘူး...
ဒါပေမဲ့... ဒီစာပိုဒ်လေးကသူတို့ကိုတစ်နည်းအားဖြင့်အထောက်အကူပြုမယ်ဆိုရင်.. ကျွန်တော်ကျေနပ်ပါပြီ... =)

ဗင်းဆင့် ဗန်ဂိုး နဲ့စကားစမြည်

ဗင်းဆင့် ဗန်ဂိုး နဲ့စကားစမြည်


ဗင်းဆင့် ဗန်ဂိုး ရယ်... ကြယ်တွေစုံတဲ့ည ရယ်... ကျွန်တော်ရယ် လမ်းလျှောက်ထွက်ခဲ့ကြ...
ညကမဆိုစလောက် လေးမှောင်နေတယ်.. ဗင်းဆင့်ရေ... လောကကြီးက ခင်ဗျား ပန်းချီကားတွေ လို သက်ငြိမ်မဟုတ်ဖူးဗျ ... တသမတ်ထဲလှပ နေတာမဟုတ်ဖူး.....ခင်ဗျားသာမြင်တတ်မယ်ဆိုရင်လေ.. လောကကြီးရဲ့ မျက်ရည် တွေအကြောင်း ဆွဲဖို့ကောင်းတယ်။
ဗင်းဆင့်ကျွန်တော့ ကိုကြည့်တယ် ... သူ့မျက်လုံးတွေကိုကျွန်တော်နားမလည်ဘူး...
သူသက်ပြင်းချတယ်...
ကျွန်တော်တို့လမ်းဆက်လျှောက်လာရင်း အကွေ့တစ်နေရာကိုရောက်တော့ ဗင်းဆင့်ကပြောတယ်...
ငါ့ ပန်းချီကားတွေ ရဲ့နောက်ကွယ်က ညှိုးနွမ်းခြင်း, ကြွေပျက်ခြင်း, ယူကြုံးမရခြင်း, စိတ်ပျက်ခြင်း, ဆုံးရှုံးခြင်းတွေကိုမင်းမမြင်သရွေ့တော့ လောကကြီးရဲ့ မျက်ရည်ဆိုတာကိုမင်း မသိသေးပါဘူး .. အလှတိုင်းဟာသူတို့ရဲ့မျက်ရေတွေပေါ်မှာထုဆစ်ထားတာပါ ...
ပြောပြီး သူလမ်းချိုးလေးထဲ ကွေ့ဝင်ပျောက်ကွယ် သွားတယ် ... ကျွန်တော့မှာသာမေးခွန်းတွေတနင့်တပိုးနဲ့ .. ညမှောင်မှောင်ထဲမှာ ...

လူတွေမှာရှိတဲ့သိစိတ်, မသိစိတ်ဝိညာဉ်တွေမှာ ဘာတွေပူးကပ်နေလဲ ... မနာလို စောင်းမြောင်း ပုတ်ခတ် တာတွေနဲ့ပဲ ဘဝရဲ့တစ်ဝက်ကျော်ကျော်လောက်ကိုဖြုန်းပစ်ရအောင်..
ကိုယ်ဆွဲတဲ့ ပန်းချီကားမှာကိုယ့်ကိုယ်ကို အပျောက်ခံ ကြတယ်.. အရူးတွေ ...

လိုချင်လောဘတွေ အပြည့်နဲ့ လူတွေ နဲ့ဖြစ်ချင်တိုင်းမဖြစ်တဲ့လောကကြီး.. ရယ်စရာတောင်ကောင်းသေး..
နေတောင်ထွက်ခါနီးပြီ... ကလေးငိုသံ..အော်ဟစ်နေတဲ့အသံတွေ.. စာရွက်လှန်သံ.. စာကျက်သံ.. ဇွန်းသံ.. ပန်းကန်သံ တွေ ... အသံတွေကိုသရုပ်ခွဲဖို့ကြိုးစားရင်း နောက်တစ်ခါရှုပ်ထွေးလာတော့မဲ့လောကကြီးအကြောင်းတောင်ခဏမေ့သွားတယ် ..
မိုးကရုတ်တရက်ရွာလာတယ်... ယောက်ယက်ခတ်ကုန်တဲ့လူတွေကိုကြည့်ရင်းသူစိတ်ကုန်လာတယ်... သဘာဝတရားကိုမခံစားတတ်တဲ့ဟာတွေ...
မာနတွေအတ္တတွေ နဲ့ကိုယ့်ကိုယ်ကိုသေလုအောင်ပိတ်လှောင်ထားကြတယ်...
ဗင်းဆင့်ရေ... နောင်များအချိန်ရခဲ့ရင်..ခင်ဗျားကိုပြောပြချင်သေးတယ်.. အတိတ်တွေကိုမနိုင်မနင်း လွယ်ပိုးထားပြီးအတ္တ တွေအပြည့်နဲ့ လောကကြီးကိုအကြောင်းမဲ့စိတ်နာ နေတဲ့နှလုံးသားတွေရဲ့ပိုင်ရှင် တစ္ဆေကောင်တွေရဲ့အကြောင်း ...

ထူးအိမ်သင် ကြယ်တွေစုံတဲ့ည



Don Mclean ရဲ့ ကြယ်တွေစုံတဲ့ညကိုတင်ပြီးသွားတော့ ကိုငှက်ကြီးရဲ့ ကြယ်တွေစုံတဲ့ည ကိုသတိရမိပါတယ်...
ကိုငှက်ကြီး ရဲ့သီချင်းတွေထာဝရ တည်တံ့ပါစေ....

Don McLeanရဲ့ဗင်းဆင့် (ကြယ်တွေစုံတဲ့ည)




ဒီသီချင်းကို You tube မှာမတော်တဆတွေ့တဲ့အချိန်တုန်းကကျွန်တော်သူ့ပန်းချီကားတွေကိုတင်ဖို့စဉ်းစားနေခဲ့တာပါ... ဒီသီချင်းလေး ကိုတွေ့တော့ ဗင်းဆင့်ရဲ့ပရိတ်သတ် တွေသူ့ပန်းချီကားလေး ကိုမြည်းစမ်းရင်း နားထောင်နိုင်အောင် ပျားရည်ကနေ ရှယ် လိုက်ပါတယ်... နားထောင်ရင်းလောကချမ်းသာကို ရရှိနိုင်ပါစေ....