Saturday, May 1, 2010

ဗင်းဆင့် ဗန်ဂိုး နဲ့စကားစမြည်

ဗင်းဆင့် ဗန်ဂိုး နဲ့စကားစမြည်


ဗင်းဆင့် ဗန်ဂိုး ရယ်... ကြယ်တွေစုံတဲ့ည ရယ်... ကျွန်တော်ရယ် လမ်းလျှောက်ထွက်ခဲ့ကြ...
ညကမဆိုစလောက် လေးမှောင်နေတယ်.. ဗင်းဆင့်ရေ... လောကကြီးက ခင်ဗျား ပန်းချီကားတွေ လို သက်ငြိမ်မဟုတ်ဖူးဗျ ... တသမတ်ထဲလှပ နေတာမဟုတ်ဖူး.....ခင်ဗျားသာမြင်တတ်မယ်ဆိုရင်လေ.. လောကကြီးရဲ့ မျက်ရည် တွေအကြောင်း ဆွဲဖို့ကောင်းတယ်။
ဗင်းဆင့်ကျွန်တော့ ကိုကြည့်တယ် ... သူ့မျက်လုံးတွေကိုကျွန်တော်နားမလည်ဘူး...
သူသက်ပြင်းချတယ်...
ကျွန်တော်တို့လမ်းဆက်လျှောက်လာရင်း အကွေ့တစ်နေရာကိုရောက်တော့ ဗင်းဆင့်ကပြောတယ်...
ငါ့ ပန်းချီကားတွေ ရဲ့နောက်ကွယ်က ညှိုးနွမ်းခြင်း, ကြွေပျက်ခြင်း, ယူကြုံးမရခြင်း, စိတ်ပျက်ခြင်း, ဆုံးရှုံးခြင်းတွေကိုမင်းမမြင်သရွေ့တော့ လောကကြီးရဲ့ မျက်ရည်ဆိုတာကိုမင်း မသိသေးပါဘူး .. အလှတိုင်းဟာသူတို့ရဲ့မျက်ရေတွေပေါ်မှာထုဆစ်ထားတာပါ ...
ပြောပြီး သူလမ်းချိုးလေးထဲ ကွေ့ဝင်ပျောက်ကွယ် သွားတယ် ... ကျွန်တော့မှာသာမေးခွန်းတွေတနင့်တပိုးနဲ့ .. ညမှောင်မှောင်ထဲမှာ ...

လူတွေမှာရှိတဲ့သိစိတ်, မသိစိတ်ဝိညာဉ်တွေမှာ ဘာတွေပူးကပ်နေလဲ ... မနာလို စောင်းမြောင်း ပုတ်ခတ် တာတွေနဲ့ပဲ ဘဝရဲ့တစ်ဝက်ကျော်ကျော်လောက်ကိုဖြုန်းပစ်ရအောင်..
ကိုယ်ဆွဲတဲ့ ပန်းချီကားမှာကိုယ့်ကိုယ်ကို အပျောက်ခံ ကြတယ်.. အရူးတွေ ...

လိုချင်လောဘတွေ အပြည့်နဲ့ လူတွေ နဲ့ဖြစ်ချင်တိုင်းမဖြစ်တဲ့လောကကြီး.. ရယ်စရာတောင်ကောင်းသေး..
နေတောင်ထွက်ခါနီးပြီ... ကလေးငိုသံ..အော်ဟစ်နေတဲ့အသံတွေ.. စာရွက်လှန်သံ.. စာကျက်သံ.. ဇွန်းသံ.. ပန်းကန်သံ တွေ ... အသံတွေကိုသရုပ်ခွဲဖို့ကြိုးစားရင်း နောက်တစ်ခါရှုပ်ထွေးလာတော့မဲ့လောကကြီးအကြောင်းတောင်ခဏမေ့သွားတယ် ..
မိုးကရုတ်တရက်ရွာလာတယ်... ယောက်ယက်ခတ်ကုန်တဲ့လူတွေကိုကြည့်ရင်းသူစိတ်ကုန်လာတယ်... သဘာဝတရားကိုမခံစားတတ်တဲ့ဟာတွေ...
မာနတွေအတ္တတွေ နဲ့ကိုယ့်ကိုယ်ကိုသေလုအောင်ပိတ်လှောင်ထားကြတယ်...
ဗင်းဆင့်ရေ... နောင်များအချိန်ရခဲ့ရင်..ခင်ဗျားကိုပြောပြချင်သေးတယ်.. အတိတ်တွေကိုမနိုင်မနင်း လွယ်ပိုးထားပြီးအတ္တ တွေအပြည့်နဲ့ လောကကြီးကိုအကြောင်းမဲ့စိတ်နာ နေတဲ့နှလုံးသားတွေရဲ့ပိုင်ရှင် တစ္ဆေကောင်တွေရဲ့အကြောင်း ...

1 comment:

  1. လာဖတ်သွားတယ်ဗျာ
    ကြိုက်တယ် နောက်လည်းမကြာမကြာလာမယ်
    ပို့စ်အသစ်တင်နိုင်အောင် ကြိုးစားပေါ့

    ReplyDelete