Saturday, May 1, 2010

မော်ဒန်နှင့်ကျွန်တော်...

မော်ဒန်နှင့်ကျွန်တော်...
မော်ဒန်... မော်ဒန်... လူတွေပြောပြောနေ တဲ့အဲဒီ မော်ဒန် ဆိုတာဘာလဲ..
ကျွန်တော်လဲ အများကြီးတော့မသိပါဘူး... ကြိုက်တော့ကြိုက်တယ်.. =D
ကျွန်တော်သိသလောက်ပြောပြမယ်နော်...
မော်ဒန်စာပေဆိုတာ... ရေးနေတဲ့အချိန်မှာရေးနေတဲ့လူရဲ့ စိတ်ကို လွတ်လွတ်လပ်လပ် ဖော်ပြလို့ရတဲ့ စာပေတစ်မျိုးပါ...
စိတ်ကိုဖော်ပြတဲ့နေရာမှာ.... ဖော်ပြတဲ့စကားလုံး တိုင်းရဲ့ အဓိပ္ပယ် တိုင်းကိုလဲတည့်တည့် စဉ်းစားလို့မရပြန်ဘူး...
ရှုပ်သွားလားမသိဘူး။ ဥပမာ... ကျွန်တော်ရေးဖူးတဲ့ " ဗင်းဆင့် ဗန်ဂိုး နဲ့စကားစမြည်" မှာဆို" ကိုယ်ဆွဲတဲ့ ပန်းချီကားမှာကိုယ့်ကိုယ်ကို အပျောက်ခံ ကြတယ်" လိုမျိုး ပေါ့... ဒီတိုင်းကြည့်လိုက်ရင် ဘာကြီးလဲ ပေါ့...
တကယ်ကစိတ်တံခါးကိုမဖွင့်ထားဘူး... ဘာမဟုတ်တဲ့အရာ တွေထဲမှာကိုယ့်ကိုယ်ကို ပိတ်လှောင်ခံထားတယ် လို့ဆိုလိုချင်တာပါ...
ပြီးတော့မော်ဒန်မှာ ဆိုလိုရင်း ကိုတိုက်ရိုက်ကြီးရေးရင် မမိုက်ဘူး... စကားလုံးတွေကဝင်္ကဝုတ္တိ တွေဆိုပိုကောင်းတယ်... ဆိုလိုတဲ့အဓိပ္ပယ် ကိုပညာသားပါပါ နဲ့ထိမိအောင်ရေးဖို့လိုရင်းပါ...
ဥပမာ... ဟောင်းနွမ်းနေတာကိုရေးချင်တယ်ဆိုပါတော့... "အခန်းထောင့်မှာကပ်ရပ်ဆောက်ထားတဲ့ပင့်ကူအိုကြီးရဲ့အိမ်လို" ....ရုပ်ဆိုးတာကိုရေးချင်ရင် "သွားကျိုးနေတဲ့တစ္ဆေတစ်ကောင်"... စသဖြင့်ပေါ့... အဲလိုသဘောပါပဲ...
ပြီးတော့... စိတ်ကိုဖော်ပြတဲ့နေရာမှာ တစ်ချို့တွေက Space(နေရာလွတ်) တွေ, dots(အစက်အပြောက်) တွေ နဲ့လည်းဖော်ပြတတ်ကြပါသေးတယ်... စိတ်ထဲကလစ်ဟာမှုတွေ, မလုံခြုံမှုတွေ, ကွက်လပ်တွေကိုဖော်ပြချင်တဲ့အခါမှာ စကားလုံးတလုံးနဲ့တလုံး ခြားပြီးရေးတဲ့ပုံစံတွေ, စာကြောင်းတွေအများကြီးခြားတဲ့ပုံစံတွေကိုလဲအသုံးပြုတတ်ကြပါတယ်...
ဒီစာပိုဒ်လေးက... မော်ဒန်ဆိုတာဘာလဲ? လို့ခဏခဏ မေးကြတဲ့သူငယ်ချင်း တွေအတွက်ပါ... သိသလောက်ကိုပဲ share ရတဲ့အတွက်ပြည့်စုံမှာတော့မဟုတ်ပါဘူး...
ဒါပေမဲ့... ဒီစာပိုဒ်လေးကသူတို့ကိုတစ်နည်းအားဖြင့်အထောက်အကူပြုမယ်ဆိုရင်.. ကျွန်တော်ကျေနပ်ပါပြီ... =)

1 comment:

  1. အင်း အဲတာနဲ့ပတ်သက်ပီး ပြောချင်တာ ဟိုတနေ့က လမ်းလျှောက်ရင်း ခေါင်းထဲပေါ်လာတယ် .. ပျင်းတာ နဲနဲလျော့တဲ့ တနေ့ ဘလော့ပေါ်တင်ပေးမယ် :D

    ReplyDelete